Tuesday, March 4, 2014

သရဲမွေးပြီး- ဆေးပြန်ကုပေးခြင်း။

အောက်လမ်း ဆရာ အချို့က- သရဲမွေးထား ပြီး- ထိုသရဲ ဖြင့်- လူအချို့အား- ပူးစီး စေ၍- ဒုက္ခရောက် စေပြီးမှ- ကာယကံ ရှင် မိသားစု များက- လာရောက် ပင့်ခေါ် သော အခါတွင်- သရဲထုတ်ပြ- ငွေရပြီး၊ အကန်တော့ ခံရသော အောက်လမ်း ဆရာများ အကြောင်း အရပ်ထဲတွင်- လူပြော သူပြော ဖြင့်- သင်ကြားဘူး ပါလိမ့်မည်။
ဤသည်ကိုပင်- အမေရိကန် သမ္မတဟောင်း ဂျွန်အက်ဖ် ကနေဒီက- အောက်ပါ အတိုင်း ပြောကြားခဲ့သည်။- 

“The Chinese use two brush strokes to write the word 'crisis.' One brush stroke stands for danger; the other for opportunity. In a crisis, be aware of the danger--but recognize the opportunity.” 
― John F. Kennedy

၎င်း နည်းဗျူဟာ - တနည်းအားဖြင့်ု- “ပြဿနာ ကို ဖန်တီးပါ။ ပြီးလျှင် ဖြေရှင်း ပေးလိုက်ပါ။ သင့်ကို ကိုးကွယ်ကြလိမ့်မည် (create the problem offer the solution)” ဟု လက်တွေ့ အသုံးချကြ၏။
အထက်တွင် ဦးစွာ ဖေါ်ပြခဲ့သော သရဲမွေး- အပင်းပြန်ထုတ်ပေး သော နည်းသည်- အလွယ် မြင်သာသော- အလွန် ညံ့သော နည်းဖြစ်သော်လည်း- ၄င်းကိုပင်- အချိန်ယူ ပြင်ဆင်၊ ပြုပြင် မွမ်းမံ လိုက်သော အခါ- 
ထိုပယောဂ ဆရာ၏ လက်ကို အလွယ် မမြင်နိုင်သော- အခြေအနေ သို့ ရောက်သွားတော့၏။ စောစောကသို့ မမြင်သာ တော့ ကြောင့်- လေးစားစွာ ကိုးကွယ် ကြရတော့၏။ ၄င်းတို့၏ လက်ချက် မှန်း သိနိုင်စေရန် မှာမူ- သမိုင်းကြောင်း ကို လေ့လာရမည်၊ ဤ ဖြစ်ရပ်ပေါ်တွင် မည်သူ အကျိုးရှိနိုင်မည် ကို ကြိုတင် ကြည့်မြင် နိုင်မှသာ ဖြစ်၏။ (ဥပမာ အားဖြင့် - မှုခင်း ရဲတပ်ဖွဲ့ ၀င်များ၊ မှုခင်း စုံထောက်များ အနေဖြင့်- တစ်စုံ တစ်ဦး ပုံမှန် မဟုတ်သော သေဆုံးဖြင့် သေဆုံးပါက- သံသယ ရှိသူ စာရင်းတွင်- မိသားစု ၀င်တို့ကို ပထမဦးစားပေး ထည့်သွင်းရ သည် ကို သာမာန်သူများ သတိမပြုမိ)

ယခု အခါ- သဘာဝ သယံဇာတ များ ဖြစ်သည့်- ယူကရိန်း နိုင်ငံ ၏ သတင်းကို စာဖတ်သူများ လေ့လာ ကြားသိ ကြရပါမည်။
သဘာဝ သယံဇာတ ပေါများသည့် နိုင်ငံ တိုင်း လိုလိုပင်- 
- ညံ့ဖျင်းသော ခေါင်းဆောင်၊ လာဘ် စား အကျင့်ပျက်သော ခေါင်းဆောင်များ အာဏာ ရလာတတ်၏။ ရိုးသားသော- ဖြောင့်မတ်သော- မည်သူ့ကို မျှ ဆရာမတင် လိုသော သူရဲကောင်း ခေါင်းဆောင်များ ဥပစ္ဆေဒက ကံဖြင့်- ဆုံးပါးကြ၏။ (အာဖရိက နှင့် အရှေ့ အလယ်ပိုင်း ဒေသများ၊ လက်တင် အမေရိက နိုင်ငံ များစွာတွင် ထိုကိစ္စများစွာကို မြင်ရနိုင်၏။ 
- အကယ်၍- ပြည်နယ် တစ်ခု အနေဖြင့်- ထူးထူးခြားခြား- (စစ်ရေး ဗျူဟာ အားဖြင့် လည်းကောင်း၊ သယံဇာတ အားဖြင့် လည်းကောင်း) ရှိနေသော် ထိုပြည်နယ် ခွဲထွက်မှုတို့ ဖြစ်ရန်- ဘာသာရေး လူမျိုးရေး ပဋိပက္ခများ ဖန်တီးရ၏။ အချို့မှာ အခြေခံ ကွဲကြောင်း ရှိထားလျှင် ပိုမို လွယ်ကူ၏။
- ထိုအကျင့် ပျက် ခေါင်းဆောင် တို့ကို လိုအပ် သလို- ရှုံ့ချ။ လိုအပ် သလို- ထောက်ခံ ပေးခြင်း ဖြင့်- နောက်ဆုံးတွင်- ထိုနိုင်ငံ တို့မှ လူတို့သည် သယံဇာတ ၏ အကျိုးကို ခံစားခွင့် မရကြပဲ- သူခိုးဈေးဖြင့်- ပြည်ပ သို့ တင်ပို့ကြရ၏။ (အာဖရိက စိန်များ မှ အစ- အရှေ့အလယ်ပိုင်း ရေနံ ကိစ္စများ အဆုံး)
ဤသည်ကို သယံဇာတ ကျိန်စာ ဟူ၍ အချို့က ခေါ်ကြ၏။
အမှန်က မည်သည့် သယံဇာတ က ကျိန်စာ မတိုက်ပါ။ ထိုကျိန်စာ ကို ဖန်တီးသော မှော်ဆရာ များကိုကား အခြား တစ်ဘက်တွင်- ကျေးဇူးရှင် အထင်ရှိနေကြ၏။
မကောင်းသော ဖြစ်ရပ်များကို နောက်ကွယ်မှ တိတ်တဆိတ် ဖန်တီး နေကြသူများ အနေဖြင့်- ဒေသများ ခွဲထွက်လာလျှင် - ရင်းနှီးမြုပ်နှံ မှု ပြုရန် ငွေထုပ်ကိုင် စောင့်နေကြ၏။ ထိုငွေထုပ် ထဲမှ အချို့ အ၀က် ကိုလည်း- ဦးစွာ ပထမ အနေဖြင့်- ခွဲထွက် ရေး ကိစ္စများ ဖြစ်လာစေရန် သိုသို သိပ်သိပ် လျှို့ဝှက်ဝှက် ဖြင့်- အကြို အသုံးပြုပြီးလည်း ဖြစ်၏။ အနည်းငယ်သော- ငွေ ကို ရသူတို့က- နောင်ခါ လာ နောင်ဈေး- တစ်သက်လုံး မကိုင်နိုင်သော ငွေကို ရလာမည်. အခြားသော မိမိ အကျိုးလည်း ရလာမည့် အနေအထား ရောက်လာ သော အခါ- လူမဆန် သော အလုပ်တို့ကို လုပ်လားယင်း--
- ပထမ ဦးစွာ- ဘာသာရေး ကို ဖြစ်စေ၊ လူမျိုးရေး ကို ဖြစ်စေ- အကြောင်းခံသော ပဋိပက္ခကို ဖန်တီးတော့၏။ (အချို့သော ဒေသများ တွင်- မူလ ကတည်းက အကြောင်းခံ ရှိပြီး ဖြစ်သောကြောင့်- ပဋိပက္ခ ဖန်တီး ရသည်မှာ အလွန်လွယ်ကူ သွား၏။
- ထိုနောက်တွင်တော့- လူမဆန်သော သတ်ဖြတ်မှုများ- တစ်နည်း အားဖြင့်- (ရံဖန် ရံခါ မျိုးဆက်ဖြုတ် သတ်ဖြတ်ရေး ဟု အမည်တွင်သော အဆင့်သို့ ရောက်သွား၏။)

နှစ်မကြာမီ က ခွဲထွက် ပေါ်ပေါက်သွားသော- အရှေ့ တီမော နိုင်ငံသည်လည်း ထိုနည်း နှင်နှင် ဖြစ်၏။
တီမော ခေါင်းဆောင်များ အနေဖြင့်- နိုင်ငံခြား နှင့် ချုပ်ဆိုသော ရေနံ နှင့် သဘာဝ ဓါတ်ငွေ့များ ကြောင့် ချမ်းသာ သွားသော်လည်း- စောစောက ဇတ်နာ ခဲ့ရသည့် ပြည်သူ့ ဘ၀မှာ မပြောင်းလဲ-



ထိုနည်းတူ- လူတိုင်း ကြားဘူးကြသော- ကမ္ဘာကျော် ပနားမား တူးမြောင်း ကြီးရှိရာ ပနားမား နိုင်ငံသည် တစ်ချိန်က- ကိုလံဘီယာ နိုင်ငံ၏ ဒေသ တစ်ခု ဖြစ်၏။ တူးမြောင်း ကြီး ပြီးသွားသော အခါ- ခွဲထွက် ရေးများ အလိုလို ပေါ်လာ၏။ ထို့ကြောင့်- USS Nashville ခေါ် စစ်သင်္ဘောကြီး ဖြင့်- ပို့လွှတ်ပြီး နောက်တွင်- ပနားမား နိုင်ငံသည် ကိုလံဘီယာ နိုင်ငံ မှ ခွဲထွက်ခွင့် ရသွားပြီး နောက်- ချယ်လှယ်ခွင့် ရစေရန်- အကျင့်ပျက် ခေါင်းဆောင် Manuel Noriega အာဏာ ရလာစေ ခဲ့ပြီး- နောင် ၄င်းနှင့် ပြဿနာ ပေါ်သော အခါတွင် - နာမည်ဆိုးတပ် ချေမှုန်း ရပြန်တော့၏။

- အီရန် ရှားဘုရင်- 
- အီကွေဒေါ နိုင်ငံ-
- များစွာသော အာဖရိက နှင့် တောင်အမေရိက နိုင်ငံများ..မဆုံးနိုင်သော စာရင်းဖြစ်၏။ စိတ်ဝင်စားသူများ- နိုင်ငံ တကာ သမိုင်းကို အသေးစိတ် လေ့လာကြစေ လိုပါသည်။

မြန်မာ နိုင်ငံ နှင့် ပတ်သက်၍- အဆင့်ဆင့်သော ဗျူဟာ ရာနှင့် ချီ၍ များစွာ ရှိသည် ဟုလည်း နားလည်မိ၏။ လောလောဆယ် ကိစ္စ၊ ရခိုင် ဒေသ ကိစ္စ၊ တစ်ခု ကိုပင် ကြည့်ပါက-


နောင်တစ်ချိန် တွင် ရခိုင် ဒေသကို- (ဘီဘီစီ မြေပုံတွင်- သံပရာ ဦးထုပ် ဆောင်းဖြင့် ဖေါ်ပြထားသော ပုံအတိုင်း ဖြစ်လာရန် ပကတိ အစီအစဉ် ရှိထား သည်ကို
- တစ်ဘက်မှ ဗိန်းဗောင်း တီးပေးနေသူများ။
- တစ်ဘက်မှ ခေါင်းစဉ် အမျိုးမျိုး တပ်၍- နိုင်ငံတကာ သို့ - အရောင်ခြယ် ပုံဖေါ် နေခြင်းဖြင့်- မြန်မာ အချင်းချင်း သွေးကွဲ- လာစေ၏။
- ဘာသာမတူသူ တို့နှင့်သာ အမြင်ကွဲခြင်း မဟုတ်ပဲ- ဘာသာတူခြင်းပါ အမြင်ကွဲလာ၏။
- နိုင်ငံတကာ မှ- အထင်အမြင် မှားလာသော်- သို့မဟုတ် မြန်မာ နိုင်ငံတွင် အကြမ်းဘက် ကိစ္စများ ပေါ်ပေါက် လာသည် ဟု မြင်လာရသော်- ၄င်းတို့၏ လိုယင်း သို့- စောလျင် စွာ ရောက်မည် ဖြစ်ပြီး- မြန်မာတို့သည်- လိမ္မာပါးနပ်စွာ၊ အကြမ်းမဘက် စဉ်းစား နိုင်သော်- ..ပယောဂ ဆရာတို့ အကြံပျက်၍- နောက်တစ်မျိုး ကြံကြရပေ ဦးတော့မည်။ 





Wednesday, October 10, 2012

အိပ်ပေါက် နှင့် ဖားမကောက် နှင့်- ရေဘူးပေါက် နဲ့ ရေပိုက် မဖွင့် နဲ့ ......


မြန်မာပြည် သတင်းသည်- နိုင်ငံတကာ တီဗွီ သတင်းစာများ သို့ နေ့စဉ်လိုလို ပါရှိနေသော ယနေ့ အခါတွင်-
နိုင်ငံတော် အကြီးအကဲများ- နိုင်ငံ့ ခေါင်းဆောင်များသည်- ပြည်ပ နိုင်ငံများသို့ သွားရောက်၍- ရင်းနှီးမြုပ်နှံသူများ လာနိုင်စေရန် ကြိုးပမ်း အားထုတ် လျှက် ရှိနေကြပါ၏။
ကျွန်တော်တို့ မြန်မာများကလည်း- တိုင်းပြည် ကောင်းလာမည်လား ဟု မျှော်လင့် နေရသော အခါသမယ လည်း ဖြစ်၏။
သမိုင်းကို တစ်ခေါက် ပြန်ကြည့်ကြပါစို့-
လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်ကလည်း- အင်္ဂလိပ်များကို မောင်းထုတ်ပြီးလျှင်- ကိုယ့်နိုင်ငံ ကိုယ်အုပ်ချုပ်ခွင့် ရသော- လွတ်လပ်သော မြန်မာနိုင်ငံ ကြီး ဖြစ်ပြီဟု နဂါးနီ သီချင်း ကြွေးကြော်သံ- တို့ဖြင့်- အမျှော်လင့်ကြီး မျှော်လင့်ခဲ့ကြပါ၏။
ပြည်တော်သာ စီမံကိန်းများ ဖြင့် အားကိုး စောင့်မျှော်ခဲ့ကြရ၏။
ဖြစ်ခဲ့ပါ၏လား။
ပြဿနာသည် အပြင်မှာ မရှိ၊ အတွင်းတွင် ရှိ၏။
စည်းလုံးခြင်း မရှိ၊ တစ်ကိုယ်ကောင်းဆန်မှု၊ အသိဥာဏ် နည်းပါးမှု၊ ၀ါဒချင်း မတူ - ရန်သူ သတ်မှတ်မှု တို့ကြောင့်- နိုင်ငံခြားသား တို့၏ အုပ်ချုပ်မှု ကျွန်ထက် ပိုဆိုးသော- ကျွန်ဖြစ်စေရန် နိုင်ငံခြားသွားရသော- နိုင်ငံခြားတွင် ကျွန်ခံနေရသူတို့ကိုမှ အထင်ကြီးရသော ဘ၀ သို့ ရောက်ခဲ့ ရသည်ကို လူတိုင်း သိကြသည် ဖြစ်၏။
ထို့ထက် ဆိုးသော အမှားကြီး တစ်ခုလည်း ရှိ၏။
ထိုအမှားသည်ကား- လွတ်လပ်ရေး ရလျှင် ပြီးရော ဟူသော သဘောထား ဖြစ်၏။

လွတ်လပ်ရေး ရပြီးလျှင် မည်သို့ ဆက်လက် ဆောင်ရွက်ကြမည် ဆိုသည့် လမ်းကြောင်း သတ်မှတ်မှု၊ လုပ်ရမည့် မဟာဗျူဟာ နည်းဗျူဟာ သတ်မှတ်မှု အားနည်းခဲ့၏။
သင်သည် ကားတစ်စီးကို မောင်းနှင်ပြီ ဆိုပါက- အိမ်ပေါက်ဝမှ ထွက်ပြီ ဆိုသည် နှင့် ပြီးပါပြီလား။

- မည်သည့် နေရာကို သွားမည်နည်း။
- ထိုနေရာသို့ ရောက်ရှိရန် လမ်းကြောင်း ဘယ်နှစ်ခု ရှိသနည်း။
- အချိန် မည်မျှ ကြာနိုင်မည်နည်း။
- အချိန် အရရော- ကားကြပ်မည့် အချိန်ကာလ ဖြစ်ပါမူ- Traffic Jam ရှိနိုင်သော လမ်းကြောင်း တို့ကို ဖယ်၍- မည်သည့် လမ်းကြောင်းကို ရွေးချယ် ရမည်ကို စဉ်းစားမည် ဖြစ်၏။
- တစ်ဖန်- သွားသော ခရီးလမ်းသည် လမ်းရှည် ခရီးဝေး ဖြစ်ပါက- ထိုခရီးတွင် ဆီဖြည့် စရာနေရာ မရှိလျှင်- မိမိ အိမ်မှ ထွက်စဉ်ကပင် အသွားအပြန် လိုအပ်မည့် ဆီ နှင့် တာယာ အပို စသည့်တို့ကို ယူသွားရမည်။
-ရေ နှင့် အစားအသောက် လိုအပ်နိုင်မည်လား၊ ကြိုတင် စဉ်းစားထားရမည်။
- အကယ်၍- ညရေး ညတာ- ဖြတ်ကျော်ရမည် ဖြစ်သော နေရာတွင် မသမာသူတို့ နှင့် ကြုံဆုံရပါက- မည်သို့ ဖြေရှင်းမည်နည်း။မသမာသူတို့က ဘုန်းကြီး ရဟန်းယောင် ဆောင်၍ ကားရပ်ခိုင်းမည်လား၊ တာဝန် ရှိသူ အယောင်ဆောင်၍ ကားရပ်ခိုင်းမည်လား၊ ဒုက္ခရောက်သူယောင် ဆောင်၍ ကားရပ်ခိုင်းမည်လား၊ ဤသို့ ကြုံလျှင် မည်သို့ ဖြေရှင်းမည်နည်း။
ဆိုလိုသည်မှာ- တာထွက်သည် အဓိက မကျ- မိမိရည်ရွယ်ချက်သို့ - ချောချော မောမော၊ အန္တရာယ် ကင်းကင်း ရောက်ရှိရေး သည် အဓိက ဖြစ်၏။
မိမိနှင့် တကွ- မိမိနှင့် အတူ ကားပေါ် ပါလာသော မိသားစု အားလုံးအတွက် လုံခြုံရေးသည် ထိုမိသားစု အကြီးအကဲ ပေါ်တွင် ကြီးမားသော တာဝန်ကြီးများ ရှိနေခဲ့၏။ ပြင်ပ ပယောဂ မပါသော အခက်အခဲ၊ ပြင်ပ ပယောဂ ပါလာနိုင်သော အခက်အခဲ- တို့အတွက် ပြင်ဆင် စဉ်းစား ထားခဲ့ရမည် ဖြစ်၏။

ထိုစဉ်က- စဉ်းစားခဲ့ကြပါသလား။ မစဉ်းစားခဲ့ဟု မဆိုလိုပါ။
စဉ်းစားမှုတို့ မလုံလောက် ခဲ့ကြောင်းကိုမူ သမိုင်းက သက်သေ ပြဆို၏။

ယခုကော- မည်သို့ ဖြစ်မည်နည်း။
ယင်းကို ယှဉ်ပြရန် အတွက်- အနီးစပ်ဆုံး လက်တွေ့ ဥပမာ- တစ်ခုကို ပြလိုပါ၏။
လွန်ခဲ့သော - ၄-နှစ် ခန့်က ကျွန်တော် ဗီယက်နာမ် နိုင်ငံ သို့ ရောက်ခဲ့ပါသည်။
အလုပ်သဘော ကြောင့် ဥရောပ နိုင်ငံ တော်တော်များများကိုလည်း ရောက်ခဲ့ဘူးပါ၏။
မြန်မာပြည်မှ နိုင်ငံခြားသို့ ပထမဦးကြိမ် ရောက်ဘူးသူတို့ အနေဖြင့်-
မျက်စိတစ်ဆုံး အနေအထားတွင်- ဆိုင်ကယ်များ ထောင်နှင့် ချီ၍ လမ်းမပေါ်သို့- လိမ္မော်ခြင်း မှောက်ချလိုက်သည့် အလား မြင်တွေ့ရခြင်း၊ အဆောက်အဦ အချို့ ထူထောင် ရှိခြင်း တို့ကို မြင်သော်- တိုးတက်လေစွ ဟု မြင်ကောင်း မြင်မည် ဖြစ်သော်လည်း- လမ်းမပေါ်တွင် လမ်းလျှောက် ၍ မရလောက်အောင် ဆိုင်ကယ်ဆီ၊ ဓါတ်ဆီ ညှော်နံ့ တို့ဖြင့် ပြည့်နေသော- လေထု ကြီးစွာ ညစ်ညမ်း နေသော အနေအထားကြီးကိုဖြင့်- ကျွန်တော် အားမကျမိပါ။ ဥရောပ နိုင်ငံ မြို့ကြီး တို့တွင်ကား- ကားသံ၊ ဆူညံသံ တို့ တိုးတိုး တိတ်တိတ် မျှသာ ရှိ၏။ နယ်သာလန် နိုင်ငံ - အမ်စတာဒမ် မြို့ Amsterdam လမ်းဘေး များတွင် နံနက်ခင်း ပြေးသူ၊ စက်ဘီး အတွက် သီးသန့် လုပ်ထားပြီး- လေကောင်း လေသန့် ရှူနိုင်သေး၏။
မူလ သဘာဝ အားဖြင့်- စိမ်းလန်း စိုပြေ သော- မုတ်သုန် ရာသီ ဥတု ဒေသ၏ အာရှ နိုင်ငံ တစ်နိုင်ငံသည်- လေထု ညစ်ညမ်းမှုကြောင့်- လမ်းမတွင် လမ်းလျှောက်ရသော အနေအထားတွင်- Mask ဖြင့် သွားရသည့် အခြေ အနေသို့ ရောက်သွား၏။
ဒါကို တိုးတက် သည်ဟု ခေါ်ပါသလား..
ဟာ- မဟုတ်သေးဘူးလေ- ငွေကြေး အနေအထား တိုးတက် သွားတာပေါ့ ဟု တစ်စုံတစ်ဦး က ပြောကောင်း ပြောမည် ဖြစ်၏။
ကောင်းပါပြီ။ အောက် က ဂရပ်လေး ကို ကြည့်ကြရအောင်..

ဤဂရပ်ဖ်သည် အစိုးရ ကြွေးမြီ ပမာဏ နှင့် Gross Domestic Product (GDP) ခေါ် နိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှု တန်ဖိုး ပမာဏ အချိုးကို ပြထားသော ဂရပ် ဖြစ်၏။
ဗီယက်နာမ် တွင် ၂၀၁၁ ခုနှစ်တွင် နိုင်ငံ စုစုပေါင်း ထုတ်ကုန် တန်ဘိုး၏ ၃၈ ရာခိုင်နှုန်းမှာ အစိုးရ အနေဖြင့် တင်သွားသော အကြွေး ဖြစ်၏။ အလွယ်တကူ နားလည်အောင် ပြောရပါလျှင်- တစ်စုံ တစ်ယောက်ထံမှ ငွေချေး၍ ရင်းနှီးမှု ပြုကာ အလုပ်လုပ်၍- ငွေကျပ် ၁၀၀ ရလာသော အခါတွင်- ထိုငွေ အတွက် ဆပ်ရမည့် နေ့ပြန်တိုးမှာ ၃၈ ကျပ် ဖြစ်သည် ကို ဆိုခြင်း ဖြစ်၏။ ငွေ ၁၀၀ ၀င်သော အခါတွင် အကြွေး ၃၈-ကျပ် ရှိနေခြင်း ကို ဆိုခြင်း ဖြစ်၏။
ရင်းနှီး မြုပ်နှံသူတို့ အနေဖြင့် နိုင်ငံ တစ်နိုင်တွင် ရင်းနှီး မြုပ်နှံရာတွင်- ထိုနိုင်ငံမှ ၄င်းတို့၏ ကြွေးကို ပြန်လည် ဆပ်ရန် ခက်ခဲ နိုင်မှု ရှိမရှိကို တိုင်းတာ ခန့်မှန်းသော နည်းတစ်ခု ဖြစ်၏။ အကြွေးနှင့် ၀င်ငွေ အချိုးများ နေခြင်းသည် နိုင်ငံ တစ်နိုင်ငံ၏ စီးပွား စနစ်တွင် ပြဿနာ ရှိနေခြင်း ကို ဖေါ်ပြ၏။ (မှတ်ချက်- ယခင်က- ချမ်းသာ ပြီးသား ဖြစ်ခဲ့ကြသော- ဂျာမဏီ၊ အမေရိကန်၊ ဂျပန် တို့အနေဖြင့်- ဤအချိုးများ မတန်တစ်ဆ များနေခြင်းသည် အလုပ်လက်မဲ့ ပြဿနာများ- စီးပွားရေး ထိခိုက်မှုများကို အတိုင်းအတာ တစ်ခု အထိ ဖြစ်စေသော်လည်း- ယခင်က မချမ်းသာ သေးသည့် နိုင်ငံ တစ်နိုင်ငံ အနေဖြင့်- ဤသို့ အကြွေး အချိုးများ နေခြင်းသည်ကား အလွန်ဆိုးသော အနေအထား ဖြစ်သည်။ ဆိုလိုသည်မှာ- သိန်း ၁၀၀၀ ချမ်းသာသော သူတစ်ဦးတွင်- သိန်း ၅၀၀ အကြွေးရှိ နေခြင်းသည်- အခက် အခဲ ရှိသည် မှန်သော်လည်း သူ၏ အနေဖြင့် ကြံဖန် လုပ်ဆောင် နိုင်ပါသေး၏။ တစ်နပ်စာ တစ်နပ် စားဘို့ မနည်း လုပ်နေရသော သူတစ်ဦး အတွက်- မိခင်၏ ဆေးရုံတက် စရိတ် အတွက် ကုန်ကျ သွားသော ငွေအတွက်- မည်သို့ ပြန်ဆပ် နိုင်ပါမည်နည်း။
ဆက်လက်၍- အောက်ပါ ဂရပ်ဖ် ကိုကြည့်ပါက- ဗီယက်နာမ် အစိုးရ အနေဖြင့် ပြည်ပ အကြေးရှင်များသို့ ပေးရမည့် အကြွေး ဖြစ်၏။
ပြည်ပ အကြွေးရှင် ဆိုသည်မှာ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများ ဖြစ်သည့် - နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့- International Monetary Fund (IMF) နှင့် ကမ္ဘာ့ဘဏ် World Bank စသည်တို့ ဖြစ်၏။
၂၀၁၀ ခုနှစ် ဇွန်လ တွင် ဗီယက်နာမ်သည် အကြွေး ပမာဏ အမေရိကန် ဒေါ်လာ သန်းပေါင်း- ၃ သောင်း ၅ ထောင်ကျော်၊ (တစ်နည်း အားဖြင့် ၃၅ ဘီလျံ ဒေါ်လာ) အထိ ထိုးတက်သွား၏။
သင်သည်- သင်၏ ပိုက်ဆံ ကုန်သွားလျှင်- ဒီထက်ပို၍ ဆိုးရန် မရှိဟု ထင်ကောင်း ထင်မြင်မိနိုင်၏။
မဟုတ်ပါ။
ယခု ခေတ်သည်ကား- အကြွေး စနစ်ကြီး ဖြစ်၏။
သင့်မှာ ရှိတာပြောင်သွား သော်လည်း- သဘောတူညီမှု တစ်ခုဖြင့်- ငွေချေးနိုင်သေး၏။
ဝ-သုည ထက်ဆိုးသည်ကား- အနှုတ် လက္ခဏာ ဖြစ်၍- အကြွေးသည် အနှုတ် လက္ခဏာ ဖြစ်၏။
ဒါဆို ဘာနဲ့ ဆပ်မလဲ-
သင်၏ လုပ်အား၊ သင့်သားသမီး၊ မြေးမြစ် များ၏ လုပ်အား တို့သည်ကား- သင်မိုက်မှားသော အကြွေးကို ဆက်လက် ပေးဆပ်ကြရမည် ဖြစ်၏။
ထို့ကြောင့်- ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ၀ါရင့် ဘတ်ဖေး Warren Buffett အနေဖြင့်- Weapon of Mass Destruction သည် အများအပြားကို ဖျက်ဆီးနိုင်သော လက်နက်သည်- နျူကလီယာ လက်နက်၊ ဇီဝ ပိုးမွှား လက်နက် မဟုတ်၊ ဘဏ္ဍာရေး စနစ် သာ ဖြစ်ကြောင်း ပြောပြခဲ့၏။
ယခင် မဆလ အစိုးရ လက်ထက်ကလည်း- မြန်မာ နိုင်ငံတွင် ကြီးမားသော ပရောဂျက် ကြီးများကို အကြောင်းပြု၍- နိုင်ငံခြား ချေးငွေ အကူအညီ ရယူခဲ့၏။
ယင်းမှ ရလာသော ချေးငွေတို့မှ ရာခိုင်နှုန်း အချို့ ကို ချေးငွေအတွက် ရရှိရေး အတွက် ကူညီရပါသည် ဆိုသော နိုင်ငံခြားသား Lobbyist တို့ က ဦးစွာ ဖြတ်ယူလိုက်၏။
ကျန်သော ပမာဏမှ အချို့ကို ထိပ်ဆုံးမှ ပုဂ္ဂိုလ်ကြီးများ က- ကြည့်ရှု စောင်မလိုက်၏။
ထို့နောက်တွင်တော့- ကျန်သေးသည့် ပမာဏ ကို တစ်ဒေါ်လာ ၆-ကျပ် နှင့် မြှောက်ပြီး- ကျပ်ငွေ သန်းပေါင်း မည်ရွေ့မည်မျှ တန်သော ပရောဂျက် အဖြစ် အများစုသိလိုက် ကြရ၏။
ယင်းမှ- အချို့သည် အမည်ခံပြီး တကယ်မလုပ်သော သူများက သူတို့အတွက် ချန်ပြီး ဆက်ချပေး၏။
တကယ်လုပ်ရမည့် လူများလက်သို့ ရောက်သော အခါ- မူလ ပမာဏ၏ တစ်ဝက်ပင် မကျန်ရစ်တော့-
၎င်းကိုပင်- တကယ်လုပ်သူများက- လုပ်လည်း လုပ်၊ စားလည်း စားကြယင်း-
ထိုနာမည်ကြီး ပရောဂျက်ကြီးများသည် အဖျားရှူးသွားတော့၏။ ဘက်စုံ စီမံကိန်း စသော အသံများ - ဘာမျှ မကြားရတော့ပါချေ။
သို့သော် ၄င်းတို့ တကယ်တမ်း ပြီးသွားပါသလား။
အကြွေးစာရင်းတွင် နာမည် ကျန်ခဲ့ပြီ ဖြစ်၏။
ပေးရမည့်သူကား- သန်းပေါင်း ၆၀ သော မြန်မာပြည်သားများ နှင့် သူတို့၏ သားသမီး မြေးမြစ်များ ဖြစ်၏။
ယခု အခါတွင်ကား- မြေပေါ် မြေအောက် အရာအားလုံး နီးနီးတို့သည် နှစ်တို၊ နှစ်ရှည် စာချုပ်များ၏ ကျေးဇူးတရား အောက်တွင် ပြုတ်ပြုတ် ပြုန်း အနေအထားသို့ ရောက်နေပြီ ဖြစ်၏။
သို့သော် နိုင်ငံ နှင့် နိုင်ငံသားတို့ ကျန်နေသေး၏။
အသွေးအသားဖြင့် ဖွဲ့စည်းထားသော လူတို့အား- အရှင်လတ်လတ် မြိုဆို့ရန် ဟ- ထားသော ပါးစပ် ကြီးများအား အလွယ်မြင်နိုင်၏။
ကျန်ရှိ နေသေးသော နိုင်ငံ နှင့် လူတို့ကို အလုံးစုံ ဆက်လက် ဖျက်ဆီးပစ်မည့် အရာကား- အကြွေးပင် ဖြစ်တော့၏။
ထို့ကြောင့်- နိုင်ငံ ခေါင်းဆောင်များကို ပြောလိုပါသည်။
- ရေဘူး ပေါက်နှင့် ရေမခံပါ နှင့်။
- ရေဘူး ပေါက်၍ ရေမရတာက- တစ်ကြောင်း
- ရေလျှံသော နေရာများကြောင့်- အများစု ဒုက္ခရောက်မှာ က တစ်ကြောင်း၊
ရေပိုက်ခေါင်း ဖွင့်ထားသရွေ့ကာလ အတွင်း- ပေါက်နေသော ရေဘူးကြောင့် ရေမရ သော်လည်း- ရေမီတာ ကတော့ တက်နေပြီ ဖြစ်၏။
အကယ်၍-
မိမိ၏ အတွင်းစည်း အနေအထား ဆောင်ရွက်ရသည်များကို ခိုင်မာအောင် မဆောင်ရွက်ပဲ- ပြင်ပ တံခါးကို ဖွင့်ခြင်းသည်ကား-
ခိုင်ခံ့ အောင်မဆောက်ထားသော ဆည်ဖြင့်- ရေလှောင်ရန် ကြိုးစားခြင်း ပင် ဖြစ်၍- အားလုံး အတွက် သေမင်းတမာန် ပင် ဖြစ်တော့၏။
အခြား တစ်ဘက်တွင်လည်း-
ခြင်္သေ့ ကိုက်ဖြတ် သော အသားကို အဆင်သင့် စားသောက်ရန်-
- ကောက်ကျစ်သော ၀ံပုလွေ တို့သည် လည်းကောင်း၊
- အချောင်နှိုက်မည့် မြေခွေး တို့သည် လည်းကောင်း၊
- အုပ်စုဖွဲ့ ၀င်နွှာကြမည့် ခွေးအ တို့သည် လည်းကောင်း
သွားရည် တစ်မြားမြားဖြင့် စောင့်နေကြသည် ဖြစ်လေရာ -
တိုင်းပြည် အတွက် အမှန်အကန် အကျိုးရှိစေလိုပါက-
မိမိ၏ ရည်ရွယ်ရာ လမ်းခရီး အကြောင်းကို အမှန် အကန်သိရှိ နားလည်အောင် ကြိုးစား၍၊ လိုအပ်သည်များကို ကြိုတင် ပြင်ဆင် ထားလျှက် အတွင်းစည်းကို လုံအောင် ဦးစွာ ကာသင့် ပါကြောင်း အကြံပြုလိုက် ရပါသည်။
ခင်မင် လျှက်
သစ္စာနီ

Monday, August 27, 2012

စက်တင်ဘာ ၁၁- နှင့် ဟောလိဝုဒ်မှ နိမိတ်တို့လေလား…

အမေရိကန် တင် မက- တကမ္ဘာလုံးမှာ တုန်လှုပ် ခြောက်ချား ခဲ့ရပြီး- ခေတ်ကြီး ၂-ခု အပြောင်းအလဲ ဖြစ်သွားစေတဲ့- ၂၀၀၁ စက်တင်ဘာ ၁၁- ရက်နေ့ ဖြစ်ရပ်ကြီးကို မြန်မာ ပြည်သူတွေလည်း သိကြပြီးသား ဖြစ်မှာပါ။


ယခု ဆောင်းပါးမှာ ဖေါ်ပြမှာကတော့- ဒီဖြစ်ရပ်ကြီး မဖြစ်ခင်- နှစ်အတန်ကြာကတည်းက- ဒီ ကုန်သွယ်ရေး အဆောက်အဦးကြီး တွေနဲ့ ဖြစ်ရပ် ကြီး ဖြစ်မယ့် ရက်စွဲကို ကြိုတင် အသိပေးနေတယ်လို့ ပြောရမလား၊ နိမိတ်ပြနေတယ် လို့ ပြောရမလား- ဟောလိဝုဒ် ရုပ်ရှင်တွေ ထဲမှာ ပါနေတဲ့ ရိုက်ကွက်လေးတွေ အကြောင်း ဖြစ်ပါတယ်။
အခု ဆောင်းပါးမှာ ပါတဲ့ အချက်တွေကို လက်ခံစရာ မလိုပါ။ စဉ်းစားဘို့ အနေနဲ့သက်သက်သာ ဖြစ်ပါတယ်။
  • ဒါတွေဟာ- တိုက်ဆိုင်မှုတွေလား။
  • ဒါတွေဟာ- ကြိုတင် သတိပေးချက်တွေလား။
  • ဒါတွေဟာ- အတိတ် နိမိတ်တွေလား။
  • ဒါမှ မဟုတ်- အကြမ်းဘက် သမားတွေကပဲ- ဒါကို ကြည့်ပြီး အသုံးချသွားလား (ဒါကတော့ သိပ်ဖြစ်နိုင်ချေ မရှိပါ။)

မိမိတို့ ထင်သလို ယူဆ သတ်မှတ်ကြပါ။ ကျွန်တော့် အနေနဲ့ကတော့ အသိပေးခြင်း သက်သက်မျှသာ ဖြစ်ပါတယ်။

Terminator 2 ရုပ်ရှင်ကား (၁၉၉၉)။
အောက်ပါ ပုံကတော့- လူအများကြည့်ဘူးကြတဲ့- Terminator 2 ဇတ်ကားဖြစ်ပြီး- ဒီကားကို ၁၉၉၁-ခုနှစ် မှာ ရိုက်ကူး ပြသ ခဲ့ပါတယ်။ ဇတ်လိုက် အာနိုးက စက်ရုပ် အဖြစ်နဲ့- နောက် ကာလမှ စက်ရုပ်တွေကို တိုက်ခိုက်နိုင်မယ့် ခေါင်းဆောင် လောင်း John Connor ချာတိက် ကို- ရဲအရာရှိပုံ ဖန်တီးထားတဲ့- ပြဒါး စက်ရုပ် လူသား ရဲ့ လက်စတုန်း တိုက်ခိုက်မှုကနေ ကယ်ထုတ်လာပုံ ဖြစ်ပါတယ်။
ရှေ့မှာ ရှိတဲ့ တံတားမှာ အမြင့်ပေ အမှတ်သား ပြထားတာကို သေသေချာချာကြည့်ပါ။ ဘာမြင်ရပါသလဲ။


ထူးဆန်းတာက- အခြား နေရာတွေ ဖြတ်ခဲ့တုန်းက ၂-ခါ ပြန်မပြပဲ- ဒီနေရာကျမှ - ဒုတိယ အကြိမ် ကင်မရာနဲ့ Zoom ဆွဲပြီး- အသေးစိတ် အသေအချာ စက္ကန့် အနည်းမျှ ကြာအောင်- ထင်ထင်ရှားရှား ဖေါ်ပြသွားခဲ့တာပါပဲ။

Super Mario Bros ရုပ်ရှင်ကား (၁၉၉၃)။
နောက်ရုပ်ရှင် တစ်ခုကို လေ့လာကြရအောင်- ဒီကားက- Super Mario Bros (1993) ပါ။ Mario မာရီယို ဂိမ်းကို ကစားခဲ့ဘူးသူများ ကတော့- ဦးထုပ် အနီ အင်္ကျီ အနီ နဲ့- ခုန် ပြီး ဟိုဟိုဒီဒီ သွားပြီး ပုံဆိုးဆိုး အကောင်တွေကို ကန်ထုတ်ရတဲ့ ဂိမ်းကို မှတ်မိကြမှာပါ။ ဒီဂိမ်းထဲမှာ ပါတဲ့- ဇတ်လိုက် ၂-ယောက် နဲ့- တစ်ခြား လောက တစ်ခုကနေ လူ့လောကကို အထွက် (ပြသချိန် ၁း၃၀ မိနစ်လောက်) မှာ- မိုးထိုး အဆောက်အဦ ကြီး ညီနောင် မီးခိုးတွေ ထွက်လာပြီး- နောက် မီးတွေ လောင်တာကို ဖေါ်ပြသွားပါတယ်။



Gozilla ရုပ်ရှင်ကား (၁၉၉၈)။
နောက်ရုပ်ရှင် တစ်ခုကို လေ့လာကြရအောင်- ဒီကားက- ၁၉၉၈-ခုနှစ်၊ (911 မဖြစ်ခင် ၃-နှစ်) က ပြသသွားတဲ့ Gozilla ဇတ်ကားပါ။




Trading Places ရုပ်ရှင်ကား (၁၉၈၃) *** ။
တော်တော်လေး ကို တိုက်တိုက်ဆိုင်ဆိုင် ဖေါ်ပြထားတဲ့ နောက် ရုပ်ရှင် တစ်ခုကတော့ -
ဟာသ သရုပ်ဆောင် အက်ဒီ မာဖီ Eddie Murphy ပါဝင် သရုပ်ဆောင်တဲ့ ၁၉၈၃-ခုနှစ်၊က တင်ပြခဲ့တဲ့- Trading Places ပါ။ အက်ဒီ မာဖီ အဖေါ်ဟာ တက္ကစီ ပေါ်က အနေ ဆင်းလာပြီး- ကုန်သွယ်ရေး အဆောက်အဦ ညီနောင်ကို ကြည့်လိုက်ပါတယ်။ (ပုံမှာ ပါတဲ့အတိုင်း)။ ပြီးနောက်မှာတော့- ရုံးတွင်းက နာရီကို- ၉-နာရီ ထိုးဘို့ ၅-မိနစ် အလို အနေအထားကို ပြထားပါတယ်။



နာရီ လက်တံဟာ ၉- ဂဏန်း နဲ့- မိနစ်တံ ဟာ ၁၁- ဂဏန်းမှာ ပြထားတာကို ထင်ထင်ရှားရှား တွေ့ရပါလိမ့်မယ်။
ထူးခြားချက်ကတော့ ဒီဇတ်ကားကို ရိုက်ခဲ့တဲ့- ဒါရိုက်တာ အာရွန် ရပ်ဆို Aaron Russo ဟာ- ၉၁၁ ဖြစ်မယ့် ကိစ္စကို ကမ္ဘာကျော် သူဌေးကြီး ရော့ခဲဖဲလား (ဂျီနီဗာ ရှိ ကုလသမဂ္ဂ အဆောက်အဦ လှူဒါန်းသူ- အခြား တစ်ဘက်မှာလည်း- ဟစ်တလာကို ဒုတိယ ကမ္ဘာစစ်ကြီး အတွက် အကြီးအကျယ် ထောက်ပံ့ခဲ့သူ) ရဲ့မိသားစုဝင် တစ်ဦးဆီကနေ ကြိုတင် သိရှိခဲ့ရတယ် လို့ ဆိုပါတယ်။

သူဟာ မသေဆုံးခင်မှာ- အင်မတန် ကြောက်စရာ ကောင်းတဲ့ လျှို့ဝှက်ချက်များကို ပြောင်ကျကျ ပြောဆိုခဲ့သူ ဖြစ်ကြောင်း၊ သူကိုယ်တိုင် ပြောဆိုချက်တွေကို အောက်မှာ ပေးထားတဲ့ လင့်တွေက နေ ကြည့်နိုင်ပါတယ်။

ဒီနောက်မှာ- အကွက်ချ စီစဉ်မှုများ ကို လိုက်လံ စုံစမ်း ဖေါ်ထုတ်သူ အက်လက်စ် ဂျုန်း နဲ့ အင်တာဗျူး လုပ်ခဲ့ပြီးနောက်- August 24, 2007 မှာ ဆီးအိမ် ကင်ဆာနဲ့ ကွယ်လွန်ခဲ့ပါတယ်။ သူသေဆုံးတာနဲ့ ပတ်သက်လို့- မသင်္ကာစရာတွေ အများကြီး ရှိနေကြောင်းလည်း သိရပါတယ်။

Aaron Russo – Rockefeller နဲ့ Google မှာ ရှာကြည့်ကြပါ။


http://www.youtube.com/watch?v=jGB8MJGTBV8
Scene from Trading Places at World Trade Center portends the "911" disaster.
http://www.youtube.com/watch?v=jJAOAPMkiQg
http://www.youtube.com/watch?v=jzoU7zZt4E0&feature=related


Matrix ရုပ်ရှင်ကား (၁၉၉၉)။
ဒီဖြစ်ရပ်ကြီး မဖြစ်ခင်- ၁၉၉၉-ခုနှစ် က ရိုက်ကူး တင်ပြခဲ့တဲ့- နာမည်ကျော် Matrix ရုပ်ရှင်ကားမှာ- ဇာတ်လိုက်မင်းသာ- ကီနူး ရိဗ် (ဇတ်လမ်းထဲက အမည် နီယို အင်ဒါဆန် (Neo Anderssons) ရဲ့ passport သက်တမ်း ကုန်ဆုံးတဲ့ နေ့စွဲကို 11 Sep 01 (နေ့စွဲ အတိအကျ) နဲ့ ဖေါ်ပြထား ပါတယ်။ ဒီမှာတော့- ပညာသားပါ ပါတယ်။ ရုပ်ရှင်ကားထဲက- အဲဒီ အပိုင်းလေး နေရာရောက်ယင်- ရပ်ပစ်ပြီး- ၁၈၀ ဒီဂရီ လှည့်ပြီး - အနီးကပ် ချဲ့ကြည့်မှသာ တွေ့ရမှာ ဖြစ်ပါတယ်။

ဒီဇတ်ကားကို လူအများစု ကြည့်ကြတဲ့ နေရာမှာ နေကာမျက်မှန် နဲ့ ကုတ်အင်္ကျီ တစ်ဖားဖား ၀တ်တာ- အက်ရှင် တွေကိုပဲ သတိထား မိတတ်ကြပေမယ့်- နောက်ကွယ် ဇတ်လမ်းမှာ- စာရေးသူ ပြောပြသွားတဲ့ အနက် အဓိပ္ပါယ်တွေ အများကြီး ရှိပါတယ်။ နားလည်အောင် ပြန်ကြည့် ကြပါ။



အခြားသော ရုပ်ရှင် ဇတ်ကား အချို့။
အောက်မှာ ဖေါ်ပြပေးထားတာက- ၉၁၁ နဲ့ ဆက်စပ် နေတဲ့ ရုပ်ရှင်ကား အချို့ ဖြစ်ပါတယ်။ ဒါမျိုးကားတွေ ကျန်ပါသေးတယ်။ သူတို့ကတော့ အထက်က ဇတ်ကားတွေလောက် ထင်ထင်ရှားရှား ဆက်စပ်မှု မတွေ့ရပါ။

ခင်မင်လျှက် --
သစ္စာနီ။

Tuesday, August 7, 2012

ဒါတွေကို သင်သိသလား (မြန်မာ နိုင်ငံအတွက် အလွန် အရေးကြီးပါသည်။)


အောက်မှာ ရေးထားတာတွေကို ဖတ်တဲ့ အချိန်မှာ ယှဉ်တွဲ ဆင်ခြင်မှု လေးကိုပါ တစ်ပြိုင်တည်း လုပ်သွားပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
  • ငါ့ကို ရိုက်ယင် ငါ့ရန်သူလို့ အတည့်အတိုင်း မတွေးပါနဲ့။
  • ဘာဖြစ်လို့ ရိုက်တာလဲ- ငါအရိုက်ခံရယင် ဘယ်သူ အကျိုးရှိမလဲ၊
  • ငါက ဘယ်သူက ရိုက်တယ်လို့ ထင်မလဲ။
  • ငါက တုန့်ပြန်ယင် နောက်ဆက်တွဲ ဘာတွေ ဖြစ်မလဲ စသဖြင့်-
အားလုံးကို တွေးပါ။ ဆင်ခြင်ပါ။
ဘာဖြစ်လို့လဲ ဆိုတော့-
အင်မတန် အင်အားကြီးတဲ့ လူအဖွဲစည်း တစ်ခုဟာ- အင်မတန် မြင့်မားတဲ့ ဥာဏ်ရည်၊ အင်မတန် စေ့စပ်စွာနဲ့ တကမ္ဘာလုံးကို အကွက်ချ ဆောင်ရွက်နေတာတွေကို တွေ့ရပါမယ်။
မြန်မာ နိုင်ငံဟာ တစ်ခု အပါအ၀င်ပါ။
သူတို့ဟာ- စစ်တုရင် ထိုးသလို- အကွက်ပေါင်း များစွာ နဲ့ ဖြစ်နိုင်သမျှ အားလုံးကို ကြိုတွေး ထားပြီး ဖြစ်ပါတယ်။
အရေး အကြီးဆုံး အချက်က- လူတစ်ဦး တစ်ယောက်၊ နိုင်ငံ တစ်နိုင်ငံ လို့ မမြင်လိုက်ပါနဲ့..
ဒီအကြောင်းတွေကို အယင်ကတည်းက ပြောပြချင်ပေမယ့်- အများစု က လက်ခံ နားလည် နိုင်မှာ မဟုတ်လို့ ပြောခွင့်မသာ ခဲ့ပါဘူး။
အခုဆိုယင် အနောက်နိုင်ငံ မီဒီယာ တွေရဲ့ အကျင့်စရိုက်မှန်ကို မြန်မာ နိုင်ငံသားများ အတိုင်းအတာ တစ်ခု အထိ သိလာပြီ ဖြစ်လို့ ယခု စာပါ အကြောင်းတွေကို နားလည်မယ်လို့ ယူဆပါတယ်။
လက်ရှိ မြန်မာ နိုင်ငံက ဘင်္ဂါလီ ပြဿနာဟာ- အစလေး တစ်စ လောက်သာ ဖြစ်ပြီး နောက်ဆက်တွဲ ဘာတွေ ဖြစ်နိုင်သလဲ ဆိုတာကို ယခု ဆောင်းပါးကို သေသေချာချာ ဆင်ခြင် နိုင်ယင် တွေ့လာရ ပါလိမ့်မယ်။
ဖြစ်လာမယ့် အန္တရာယ်ကို ကာကွယ်နိုင်မယ့် တစ်ခုတည်းသော လမ်းကို အောက်ဆုံးမှာ ဖေါ်ပြပေးထားပါတယ်။ 
အပိုင်းပိုင်း ခွဲခြားပြီး ချယ်လှယ်ခြင်း ၀ါဒ မူ (Divide and Rule)
  • လမ်းမတော် ဘတုတ်၊ မြောင်းမြ ချက်ကြီး၊ ကြည့်မြင့်တိုင် ရန်ကနား၊ ပုဇွန်တောင် ငမိုး စတဲ့ လူမိုက်ဂိုဏ်း အသီးသီးကို ရန်ကုန်မှာ ချယ်လှယ် အုပ်ချုပ်ခိုင်းတဲ့ အချိန် အတွင်းမှာ- ဗြိတိသျှ လက်အောက်မှာ ရှိတဲ့- ဟောင်ကောင်မှာလည်း 14K ၊ The Sun Yee On၊ The Wo Shing စတဲ့ ဂိုဏ်းပေါင်း ၅၀ ကျော်လောက် ရှိခဲ့ပါတယ်။
  • ဗြိတိသျှ လက်အောက်က မြန်မာနိုင်ငံ လွတ်လပ်ရေး ရတဲ့ အချိန်မှာ- ကရင် တိုင်းရင်းသား တွေကို လက်နက်တွေ ပေးပြီး အိမ်ကြက်ချင်း အိုးမဲ သုတ် သတ်ခိုင်း ခဲ့သလို၊ ရခိုင်ဒေသ က မူဂျာဟေဒင် သူပုန်တွေကို လက်နက်တွေ ပေးထားခဲ့ပါတယ်။
  • ဒီလိုပဲ- အိန္ဒိယ မှာ လွတ်လပ်ရေး ရတာနဲ့ အိန္ဒိယ နဲ့ ပါကစ္စတန် ကွဲထွက်၊ ဘာသာရေး အထိကရုဏ်းကြောင့် လူပေါင်း သိန်းနဲ့ချီ သေဆုံး ကြရပါတယ်။
  • ဒီလိုပဲ- အာဖရိက နိုင်ငံတွေမှာ- လွတ်လပ်ရေး ရပြီးတာနဲ့ စားစရာ ထက် ပိုပေါ တာက သေနတ်တွေ ဖြစ်နေပြီး- လူမျိုးစု အချင်းချင်း သတ်ဖြတ်ကြနဲ့- အစိတ်အစိတ် အမွှာမွှာ ကွဲထွက် ခဲ့ရပါတယ်။
  • လူသန်းပေါင်း များစွာ သေဆုံးပြီး- မြန်မာ ပြည်မှာ ရှေးစိန် လို့ လူသိများတဲ့ - အာဖရိက စိန် ကို ကမ္ဘာကျော် ဒီဗီးယား စိန်ကုမ္ပဏီ ကြီးက- စိန်ဘိုး တန်ရာ တန်ကြေး ပေးစရာမလိုပဲ- ဒေသခံတွေကို ကျွန်အဖြစ် ခိုင်းတဲ့ အာဏာရ သူပုန် အဆင့်ဆင့် လက်ထဲကနေ အလကား နီးပါး ရပြီး- ကမ္ဘာ့ စိန်ဈေးကွက် ကို တစ်ဦးတည်းပိုင် ကြီးစိုး ထားပါတယ်။
  • လုပ်ပိုင်ခွင့် ရှိသူတွေကို လာဘ်ပေးရတာက လွဲလို့ အဲဒီ တိုင်းပြည်ကို ပေးရမယ့် တန်ရာတန်ကြေး စိန်ဘိုး နဲ့ ဒေသခံ တွေရဲ့ လုပ်အားခ ကို - အလကား နီးပါး ရပါတယ်။ စိန်အလုပ် သမားဟာ- တစ်ခြား လုပ်စရာမရှိလို့ လုပ်ရတဲ့ အလုပ်သမား ဖြစ်ပြီး မ၀ရေစာ နေ့စားခ ပဲ ရပေမယ့်- အထွက်မှာ တစ်ကိုယ်လုံးက ဒွါရ ကိုးပေါက် စလုံးကို အစစ်ခံကြ ရပါတယ်။ တိုင်းပြည် အတွက် တန်ရာတန်ကြေး ရမည် ဆိုယင်- ဒီဘ၀ ရောက်စရာ မရှိပါဘူး။
  • ကမ္ဘာ့ ရေနံ အများဆုံး စာရင်းမှာ အမှတ် ၁၁- ဖြစ်ပြီး၊ ရေနံကို ပြည်ပ ပို့ရောင်းတဲ့ နေရာမှာ အဆင့် ၈- နေရာမှာ ရှိတဲ့ နိုင်ဂျီးရီးယား နိုင်ငံ သားတွေဟာ- လူလိမ်တွေ။ သူခိုး ဂျပိုးတွေ အဖြစ်နဲ့ ကမ္ဘာမှာ လူသိများနေကြရပါတယ်။ ဒါတွေ အတွက် ညံ့ဖျင်းတဲ့ အစိုးရ၊ အကျင့်ပျက် အရာရှိတွေ အာဏာရပြီး၊ ရိုးသား သူ အရည်အချင်း ရှိသူ ခေါင်းဆောင် တွေကို ဘယ်သူက လက်စတုန်း၊ ဘ၀တုန်း ပေးလိုက်တယ် ထင်ပါသလဲ။
  • ကမ္ဘာကျော် ပါနားမား တူးမြောင်း ရှိတဲ့ ပနားမား နိုင်ငံက နဂိုတုန်းက ကိုလံဘီယာ နိုင်ငံရဲ့ ဒေသတစ်ခု ဖြစ်ပြီး- ကမ္ဘာ့ကုန်သွယ်ရေး အတွက် အရေးကြီးတဲ့ တူးမြောင်းလဲ ပြီးရော- ပနားမား နိုင်ငံ ကို ခွဲထွက်ဘို့ အတွက် ပနားမား ခွဲထွက်သူပုန်တွေက တောင်းဆို လာချိန် မှာ- အမေရိကန် ရေတပ် စစ်သင်္ဘော Esmeralda ကို ပို့လွှတ်ပြီး- ပါနားမား နိုင်ငံ လွတ်မြောက် စေသတည်း ဖြစ်သွားပါတယ်။ အသက် ၃၀ အရွယ် - ဗိုလ်ချုပ် အောင်ဆန်း လွတ်လပ်ရေး ကိစ္စအတွက် အင်္ဂလန် ကို သွားဘို့ လုပ်တဲ့ အချိန်မှာ- ဗိုလ်ချုပ် နဲ့ မြန်မာကို အင်မတန် သံယောဇဉ် ကြီးတဲ့- အင်္ဂလန် မင်းမျိုး မင်းနွယ်လည်း ဖြစ်၊ အရှေ့တောင် အာရှ စစ်သေနာပတိလည်း ဖြစ်- လော့ဒ် ဘွဲ့ ပိုင်ရှင်လည်း ဖြစ်တဲ့ လော့ဒ် မောင့်ဘက်တန်ဟာ- သူ့ကို စောင့်ဘို့ ပြောပြီး၊ ဂျပန် နဲ့ စစ်စာချုပ် ကိစ္စတွေ၊ အရှေ့တောင် အာရှ အုပ်ချုပ်ရေး ကိစ္စတွေ အရေးကြီးတဲ့ အလုပ်တွေ အများကြီး ကြားက ဗိုလ်ချုပ်ကို ပြောစရာရှိလို့- မြန်မာကို ပြေးလိုက်တာတယ်။ လွဲသွားတော့ အိန္ဒိယ ကို ဆက်လိုက်တယ်။ အဲဒီ မှာလည်း မမီတော့-ပဲ နေရူး နဲ့ပဲ တွေ့ခဲ့ရတယ်။ သူဘာတွေ အရေးတကြီး- လူကိုယ်တိုင် ပြောပြဘို့- ကြိုးစားခဲ့ရတယ် ထင်ပါသလဲ။ ဒီအချိန်မှာ မြန်မာလို နိုင်ငံမျိုးက လူငယ်- ခေါင်းဆောင် တစ်ယောက်ကို အရေးတကြီး ပြောစရာ မရှိပဲ- လိုက်လာစရာ အကြောင်းမရှိပါ။ လော့ဒ် မောင့်ဘက်တန် ရဲ့ အဆင့်ကို သိချင်ယင်ဒီမှာ ဖတ်ကြည့်ပါ။ (http://en.wikipedia.org/wiki/Louis_Mountbatten,_1st_Earl_Mountbatte...)
  • ပါနားမား တူးမြောင်းကို ပါးနားမား အုပ်ချုပ်ရေး လက်ထဲ ပြန်ရောက်ဘို့ ကြိုးစားခဲ့တဲ့ ပနားမား ပြည်သူတွေ ချစ်တဲ့ ဗိုလ်ချုပ် တိုရစ်ဇိုး ဟာ- အမေရိကန် အကူအညီ ပေးထားတဲ့- ပနားမား ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် နိုရေးဂါး ရဲ့ လျှို့ဝှက် လုပ်ကြံမှုကြောင့်- လေယာဉ် ပျက်ကျ သေဆုံးခဲ့ပြီး။ နောက်ပိုင်း နိုရေးဂါး ကိုလည်း အမေရိကန်က မူးယစ်ဆေးဝါး အကြောင်းပြပြီး ပနားမားကို ဗုံးကြဲ၊ နိုရေးဂါး ကို ၀င်ဖမ်းခဲ့ပါတယ်။ တကယ်လို့ ဗိုလ်ချုပ် တိုရစ်ဇိုးသာ အသက်ဆက်ရှင် နေမယ် ဆိုယင်- ပနားမား က အမေရိကန် စစ်စခန်း ကို ဖယ်ပေးဘို့ နဲ့ - တူးမြောင်းကို ဆက်လက် အုပ်ချုပ်ခွင့် ရမှာ မဟုတ်ပါဘူး။ သို့သော်လည်း စိတ်ကောင်း ရှိတဲ့ သမ္မတ ဂျင်မီကာတာ နဲ့ ဗိုလ်ချုပ် တိုရစ်ဇိုး တို့ လက်မှတ် ထိုးထားခဲ့မှု ကြောင့်- နောက်ဆုံးမှာ တူးမြောင်းကို ပနားမားလက်ထဲ ပြန်ထည့် လိုက်ရပေမယ့် အဲဒီက လျှို့ဝှက် စစ်သင်တန်းတွေ ပို့ချ နေတဲ့ အမေရိကန် စခမ်း ကိုတော့ အခုအထိ ဆက်လက် ဖွင့်ထား နိုင်ဆဲ ဖြစ်ပါတယ်။ http://en.wikipedia.org/wiki/Separation_of_Panama_from_Colombia
  • http://www.costaricapages.com/panama/blog/panama-conspiracy-373
  • အရှေ့တီမော နိုင်ငံဟာ- ရေနံထွက်ရှိ လာပြီးနောက်မှာ- ဘာသာရေး အကြောင်းပြပြီး- အင်ဒိုနီးရှား နိုင်ငံကို ထောက်ခံတဲ့ သူတွေက မတရားနှိပ်စက်မှုကို ကြောင့် ခွဲထွက်အောင် နိုင်ငံ တကာ မီဒီယာ ကို အသုံးချပြီးနောက်- အရှေ့တီမောမှာ- ကမ္ဘာ့ဘဏ်၊ အိုင်မန်အက်ဖ်၊ ၾသစေတ်းလ်၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက- နေရာယူပြီး၊ အရှေ့တီမော ပြည်သူတွေ ဒုံရင်း အတိုင်း ရှိနေစဉ်မှာ လမ်းပေါ်က ကာ ၅-စီးမှာ ၄-စီးဟာ အဲဒီအဖွဲ့အစည်းတွေ ပိုင် ကားတွေပဲ ဖြစ်နေပါတယ်။ ကျန်တစ်စီးက တော့ လက်ရှိ အာဏာရ အစိုးရ နဲ့ သက်ဆိုင်သူ တွေ ပိုင်တဲ့ကားပဲ ဖြစ်ပါတယ်။ ပြည်သူတွေကတော့ ဒီအတိုင်းပါပဲ။
မီးစာတစ်ဘက်- ရေမှုတ်တစ်ဘက်။ (ရန်သူကို အင်အားကြီးစေခြင်း)
  • ၁၉၅၅ က နေ ၃၀၊ ဧပြီလ ၁၉၇၅ အထိ ဗီယက်နာမ် စစ်တစ်လျှောက်လုံးမှာ- တရုပ်ကြီး က စစ်လက်နက်ပိုင်း၊ ဗျူဟာပိုင်းတွေနဲ့ ဗီယက်နာမ် တွေကို အကူအညီ ပေးခဲ့သလို၊ ၁၉၅၀- ကနေ ၁၉၅၃ အထိ၊ ကိုရီးယား စစ်ပွဲမှာလည်း တရုပ်ကြီးက မြောက်ကိုရီးယား တွေဘက်ကနေ ကူညီခဲ့ပါတယ်။ အခြား ဆန့်ကျင်ဘက် တစ်ဘက်ကို ကူညီ နေတာက အမေရိကန်ပါ။ တကယ်တမ်းက ဗီယက်နာမ်တွေ ရဲ့ အသက်၊ ကိုရီးယား တွေ ရဲ့ အသက်တွေ နဲ့ ဗီယက်နာမ်၊ ကိုရီးယား မြေမှာ တိုက်ပွဲတွေ ဖြစ်နေခဲ့ပေမယ့်- နောက်ကွယ် က အင်အား ပြိုင်နေသူတွေက တရုပ် နဲ့ အမေရိကန် ပါပဲ။
  • တရုပ်ကြီးက တိဘက်ကို ကျူးကျော် တဲ့ ၁၉၅၉ ခုမှာ တစ်ဘက်က နေ တရုပ်ကို ရှုံ့ချခဲ့ပါတယ်။ အဲဒီ အချိန်မှာပဲ တရုပ်ကြီးဟာ ကုလ သမဂ္ဂ ရဲ့ လုံခြုံရေး ကောင်စီဝင် ဘ၀ ရောက်ပါပြီ။ ၁၉၈၈- ရင်ပြင်နီမှာ ကျောင်းသား တွေကို သတ်ပစ်တာကို ရှံ့ချ တဲ့ တစ်ချိန်တည်းမှာ- ၂၀၀၈ အိုလံပစ် ကြီး အတွက်- တရုပ်ကြီးကို ပီကင်း အိုလံပစ် အတည်ပြုပေးခဲ့ပါတယ်။ (၄- နှစ် မှ တစ်ကြိမ် ပြိုင်ရတဲ့ အိုလံပစ် အတွက် အနည်းဆုံး ၄-ကြိမ်စာ ကတည်းက ကြိုတင် ခွင့်ပြုပေးထား ရပါတယ်၊)
  • လူတိုင်း သိထားကြတဲ့ အိုစမာ ဘင်လာဒင် ဟာ တစ်ချိန်က စီအိုင်အေ အတွက် အလုပ်လုပ် ပေးခဲ့တဲ့သူ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၁- ရက် ကိစ္စ ဖြစ်ချိန်မှာ ဘင်လာဒင် ရဲ့ မိသားစု တွေဟာ- အမေရိကန်မှာ ရှိနေခဲ့ပြီး- လေယာဉ်တွေ ပြန်လည် ပြေးဆွဲတဲ့ ပထမ ဆုံး ခရီးစဉ်မှာ သူတို့ကို အမေရိကန် ကနေ ပြန်ခွင့်ပေးခဲ့ပါတယ်။ ခေါ်ယူ မေးမြန်းခြင်း မရှိခဲ့ပါဘူး။
  • အယ်လ် ခိုင်ဒါး၊ ဂျေအိုင်၊ တာလီဘန်၊ စတဲ့ အကြမ်းဘက် အဖွဲ့အစည်းတွေ အတွက် ဘဏ္ဍာရေး ကို အဓိက ထောက်ပံ့ပေးနေတဲ့ နိုင်ငံဟာ- အများထင်သလို- ဆီးရီးယား၊ လက်ဘနွန်၊ အီရန်၊ အီရတ် တို့ မဟုတ်ကြပါဘူး။ အမေရိကန် ရဲ့ မဟာမိတ်ကြီး ဆော်ဒီ အာရေဗီယ UAE ပဲ ဖြစ်ပါတယ်။
  • ၁၉၁၄-၁၉၁၉ အထိ- ဖြစ်ပွားခဲ့တဲ့ ပထမ ကမ္ဘာစစ်မှာ- ဂျာမဏီဟာ စစ်ရှုံးခဲ့ရ တာကြောင့် စီးပွားရေး ပိတ်ဆို့မှု များ လုပ်ထားပြီး အင်မတန် ကြပ်တည်း ငတ်ပြတ် ခဲ့ရပါတယ်။ သို့သော်လည်း- နောက်ပိုင်းမှာ အမေရိကန်က အကူအညီ ရလာလို့ အနည်းငယ် ချောင်လည် လာပါတယ်။ ဒါပေမယ့်လည်း ၁၉၃၀ - The Great Depression ဆိုတဲ့ အမေရိကန် စီးပွားပျက်ကပ် လည်း ဆိုက်ရော အမေရိကန် က မကူနိုင်တော့လို့- ဂျာမဏီဟာ အငတ်တွင်း ထဲ ရောက်ခဲ့ရပြန်ပါတယ်။ ဒါပေမယ့် ၁၉၃၉-ဒုတိယ ကမ္ဘာစစ် ဖြစ်ချိန်မှာ- ဂျာမဏီ နိုင်ငံဟာ- ဘယ်က ဘယ်လို ပိုက်ဆံတွေ၊ စက်မှု ကုန်ကြမ်းတွေ ရလာလည်း မသိဘူး- ဒုံးပျံ နဲ့ အာကာသ ပညာပိုင်းတွေ၊ Rocket Science မှာ ကမ္ဘာမှာ အကောင်းဆုံး ဖြစ်ပြီး၊ အနုမြူကို ရလုနီးနီး ဖြစ်ခဲ့ပါတယ်။ အိုင်းစတိုင်းသာ အမေရိကန် ကို မရောက်ခဲ့ယင် ဂျာမဏီ က အနုမြူကို အရင်ရမှာ ဖြစ်ပါတယ်။ ဒုံးပျံ သုတေသန တစ်ခုတည်းမှာတင် လက်ရှိ နာဆာ အဆင့်ထက်မြင့်လို့ နာဆာကို စစ်အပြီးမှာ နာဇီ သိပ္ပံပညာရှင် ၃၅-ယောက် နဲ့ စတင် ဖွဲ့စည်းခဲ့ပါတယ်။
  • အခုငွေ တန်ဘိုး နဲ့ ဆိုယင် ဘီလျံဒေါ်လာ စရိတ်ရှိတဲ့ ဒုံးပျံ သုတေသန၊ ဘီလျံ နီးပါး ကုန်ကျနိုင်တဲ့- အနုမြူ သုတေသန၊ မီလျံပေါင်း များစွာ ကုန်ကျ နိုင်တဲ့- ဆေးပညာ နဲ့ မျိုးရိုးဗီဇ သုတေသန Genetic Research၊ ဒုတိယ ကမ္ဘာစစ်ကို ဆင်နွဲနိုင်ဘို့ လိုအပ်တဲ့ စစ်စရိတ်၊ လက်နက် ပစ္စည်း ဘီလျံ များစွာကို ဘယ်က ဘယ်လို ရသလို ဆိုတာ စဉ်းစားကြဘို့ လိုပါတယ်။ ငွေရတယ်ဘဲ ထားဦး၊ ပိတ်ဆို့မှု တွေ လုပ်ထားတဲ့ နိုင်ငံမှာ လက်နက် နဲ့ သုတေသန အတွက် လိုအပ်တဲ့ ကုန်ကြမ်း ပစ္စည်းတွေ ဘယ်လို ရမယ် ထင်ပါသလဲ။ နောက်မှာ ပေါ်ထွက်လာတာက အမေရိကန် သမ္မတဟောင်း ဂျော့ခ်ျ ဒဗလျူ ဘုရှ် ရဲ့ အဘိုး အမေရိကန် လွှတ်တော် အမတ် Prescott Bush နဲ့။ ရော့ခ်ဖဲလား၊ (ကုသမဂ္ဂ အဆောက် အဦကို လှူထားသူ) အဓိက တော့- အမေရိကန် နဲ့ အင်္ဂလန် ထိပ်ပိုင်း ပုဂ္ဂိုလ်များ ပါဝင် ပါတယ်။ ဒီစာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်။ http://www.amazon.com/Who-Financed-Hitler-Funding-1919-1933/dp/0671... ဒီထက် ဒီထက် မကတဲ့ အကြောင်းတွေ အများကြီး ရှိပါတယ်။ သေသေချာချာ သိချင်ယင်- Confessions of an Economic Hit Man စာအုပ်ကိုဒီလင့် က နေကနေ ဒေါင်းပြီး ဖတ်ကြည့်ပါ။ တစ်ခြား လည်း ဖတ်စရာတွေ အများကြီး ရှိပါသေးတယ်။ http://www.thevenusproject.com/downloads/ebooks/John%20Perkins%20-%...
ဒီအဖွဲ့အစည်းကြီးများ နဲ့- ပုဂ္ဂိုလ်ကြီးများ ရဲ့ အစီအစဉ် တွေဟာ- လူထု အားလုံး ညီညွတ်ယင် - ရိုးသားမှု ကို တန်ဘိုးထားပြီး အတ္တ ကင်းရှင်းယင် အလုပ် မဖြစ်တော့ပါဘူး။
ဒါတွေကို နိုင်ငံတကာ- ဖြစ်ရပ်တွေ နဲ့ ချပြီး ယှဉ်ကြည့်မှ မြင်ရမှာမို့- အခုလို ရေးသားရခြင်း ဖြစ်ပါတယ်။ ဒီထက် မကတဲ့ နမူနာတွေ ထောင်နဲ့ ချီပြီး ရှိပါတယ်။ လေ့လာကြပါ။ မိမိသိရှိတာကိုလည်း ဆက်လက် လက်ဆင့်ကမ်း ဖြန့်ဝေကြပါ။
ခင်မင်လျှက်
သစ္စာနီ

Saturday, August 14, 2010

Thit-Sar-Ni View of Discussion

သစ္စာနီ ဘလော့ဂ်..
ဤဘလော့ဂ်သည်- မြန်မာ လူမျိုးတိုင်း သိနားလည် ထားသင့်သော အချက်အလက် တို.ကို စုဆောင်း ဆွေးနွေးတင်ပြသော ဘလော့ဂ် ဖြစ်ပါသည်။
မည်သူ မဆို- မိမိတို့ အမြင်ကို ၀င်ရောက် ဆွေးနွေးခွင့် ရှိပါသည်။ ၀င်ရောက် ဆွေးနွေး ရန်လည်း- အကြံပြုပါသည်။

ဆွေးနွေးခြင်း ဆိုသည်မှာ-
ဆွေးနွေးခြင်း ဆိုသည်မှာ- မိမိတာဝန် မိမိယူလိုသော သဘောဆန္ဒတို့ကို ပိုက်စွဲလျှက်- သူများနှင့် မတိုက်ဆိုင်သော ကိစ္စတို့ကို မည်သို့မည်ပုံ ညှိနှိုင်း၍- အားလုံးလုပ်လိုသော ဆန္ဒ၊ ရည်ရွယ်ချက် တို့ကို ထိထိ ရောက်ရောက် အကောင်အထည်ပေါ်ရန်- ကောင်းမွန်သော ရည်ရွယ်ချက် ဖြင့် ပူးပေါင်းညှိနှိုင်း ကြခြင်း ပင် ဖြစ်ပါသည်။ ကောင်းမွန်သော ရည်ရွယ်ချက် ဆိုရာ၌- မိမိသာ မှန်သည်၊ ဆိုသော ခေါင်းမာ တစ်ယူသန် သော သဘောထား မထားရှိပဲ- မနော တံခါး၊ ဖွင့်ထားခြင်းကို ဆိုလိုပါသည်။

ဤသို.ဆိုလျှင်- ကိုယ့်မြန်မာ လူမျိုးများ၊ တစ်ယောက်ချင်း၊ တစ်ဒေသချင်း ၏ စရိုက် နှင့် အခြေအနေကို နားလည်ရန် လိုလာပါတော့သည်။
ဥပမာ- မြန်မာပြည်မှ- မြို.နယ် တစ်ခု ဖြစ်စေ၊ ကျေးလက် တောရွာ တစ်ခု ဖြစ်စေကို သွားလိုက်ပါ။ “ဒီရွာမှာ- စုပေါင်း စာကြည့်တိုက်လေး တစ်ခု တည်ကြရန်” ဆိုသော အဆိုကို တစ်ဦးက စတင် ပြုလိုက်ပါ။ ရည်ရွယ်ချက်မှာ- ကျေးရွာသူ ကျေးရွာသားများ၏ ဗဟုသုတ အကျိုး ပင်ဖြစ်၏။
အားလုံး၏ တုန့်ပြန်မှုကို လေ့လာကြည့်လိုက်ပါ။အစည်းဝေး တွင် တည်ရောက်သူ လူဦးရေ- ၏
- မည်မျှ သော ရာခိုင်သော ရာခိုင်နှုန်းသည် စိတ်ပါဝင်စားစွာ ဆွေးနွေးပါသနည်း။
- မည်မျှ သော ရာခိုင်သော ရာခိုင်နှုန်းသည် သူများပြောတာကို နားထောင်၍ ခေါင်း ညိမ့်ကာ- ပြန်သွားကြမည်နည်း။
- အကယ်၍ အချို. အနေဖြင့် ဤကိစ္စကို စိတ်ဝင်စားသည် ဆိုပါအံ့- မတူညီသော အမြင်များရှိလာပါက- မည်သို့ မည်ပုံ ဆက်လက်တိုင်ပင်ကြပါသနည်း။

ရလာသော တုန်.ပြန်မှု အနေအထားတို့သည်- မြန်မာ နိုင်ငံ၏ လက်ရှိ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး နယ်ပယ် တို့၏ အခြေအနေကို ဆုံးဖြတ် နေသော အနေအထား တို့ပင် ဖြစ်ပါသည်။
ဆိုကြပါစို့- မြန်မာနိုင်ငံ ဒေသ အသီးသီး၊ ကျေးလက် တောရွာတို.၏ အများစု တို့တွင်- ထိုကဲ့သို့သော- ဆွေးနွေးကြမှုတွင်- အစည်းဝေး တက်ရောက်လာကြသော လူဦးရေ၏ အများစု သည် ရပ်ရွာကိစ္စ-ငါ့ကိစ္စဟု သဘောထားကာ- စိတ်ပါ လက်ပါ ဆွေးနွေးကြပါလျှင်- မြန်မာ နိုင်ငံသည် ယခု လက်ရှိအနေအထားထက် များစွာ ကောင်းမွန်သော နိုင်ငံ အနေအထားသို့ ရောက်ရှိမည် မလွဲပါ။

သို့သော်- အများစုသည်-
- “သူတို့က အစည်းဝေး ခေါ်လို့၊ လာတက်ရတာ- သူတို့ပြောချင်တာကို နားထောင်ပြီးယင်၊ ပြန်တာပေါ့” ဟူ၍လည်းကောင်း၊
- “ငါက- သူတို့လောက်မှ နားမလည်တာ၊ ငါဝင်ပြောလို့ ဘာဖြစ်မှာလဲ” ဟူ၍လည်းကောင်း၊
- “ကိစ္စမရှိပါဘူး၊ အများသဘောတူယင်၊ တူလိုက်တာပေါ့” ဟူ၍လည်းကောင်း၊
- “ရွာထဲက - ဦးဘယ်သူ- က ဘယ်လိုလုပ်မလဲ၊ သူသဘောတူယင်- ငါလည်း သဘောတူ လိုက်တာပေါ့” ဟူ၍လည်းကောင်း၊
- “နောက်နေ့ မနက်စာ ကိစ္စ ရှိသေးတယ်၊ ဒီအစည်းအဝေးက - တစ်မှောင့်” ဟူ၍ လည်းကောင်း။

စသည်တို့ဖြင့်- ကိုယ့်မိသားစု၊ ကိုယ့်တစ်ကိုယ်ကိစ္စကိုသာ အရေးထားတတ်လျှင် ဖြစ်စေ၊ အများယိမ်းလျှင် လိုက်ယိမ်းမည်၊ အများတည့်လျှင် လိုက်တည့်မည် ဟူသော ဝေလေလေ သဘောထားကို ထားနေလျှင် ဖြစ်စေ၊ ကိုယ် အနေဖြင့် အရေးမပါဟူသော အရာမ၀င်သော စိတ်ဓါတ် များ ရှိနေလျှင် ဖြစ်စေ၊ ရလာဒ်မည့် ရလာဒ်တို.မှာ-
- ပထမဦးစွာ- မိမိတို့တွင်- မိမိလိုလားသော ကိစ္စကို တင်ပြခွင့်ရပါသော်လည်း၊ မတင်ပြမှုတို့ကြောင့်- နောင် ထိုလုပ်ငန်းတို့ အကောင်အထည် ပေါ်လာသော အခါ မိမိ လိုလားသော အခြေအနေနှင့် မကိုက်ညီသော အခြေအနေတို့ ပေါ်ပေါက်လာခြင်း။
- ဒုတိယ အနေဖြင့်- အစီအစဉ်ကို စတင် ဆွေးနွေးသူသည်- ပင်လျှင်- အစီအစဉ်ကို အကောင်အထည် ဖေါ်ရသူ ဖြစ်သွားခြင်းကြောင့်- နောက်နောင်တွင် မရိုးသားမှုများ၊ ထိုသူ၏ ပုဂ္ဂလိက အကျိုးစီးပွား ကို ရှေ.ရှုသော လုပ်ရပ်တို့ ပေါ်လာနိုင်ခြင်း။
- ဤသို့ ကိစ္စများသည် အလေ့အကျင့် တစ်ခု အနေဖြင့် - တစ်နည်းအားဖြင့် ယဉ်ကျေးမှု စရိုက်ပုံစံ ဖြင့် ဆက်လက်ဖြစ်ထွန်းလာခြင်းကြောင့်- တစ်ဦးတည်းသော ခေါင်းဆောင်ကို အားကိုးတတ်သော၊ မိမိကိုယ် မိမိ အားမကိုးတတ်သော၊ အနေအထား သို့ရောက်လာပါမည်။ ခေါင်းဆောင် သည်လည်း လူသားပင်ဖြစ်သည်။ သူ့တွင် အတ္တရှိသည်။ သူ့တွင်- အထင်ကြီးခံလို စိတ်ရှိသည်။ သူ့တွင် နေရာရလိုသည့် စိတ်ရှိသည်။ သူ့တွင်လည်း- အခြေအနေ တစ်ခုသို့ တွန်းပို့ ဖိအားပေးတတ်သော မိသားစု - ဇနီး၊ မယား၊ သားသမီး တို့ ရှိသည်။ ထိုအခြေအနေ တို့သည်- တည်ကြည်သော စေတနာမှန် သော ခေါင်းဆောင် အဖြစ်မှ- အကျင့်ပျက်သော သူတစ်ယောက် ဖြစ်လာရန်၊ သို့မဟုတ်- အာဏာရှင် တစ်ဦး ဖြစ်လာရန် တို့ကို ရည်ညွှန်းနေသော အခြေခံ တို့ ဖြစ်သည်။

တစ်ဦးကောင်း၊ တစ်ယောက်ကောင်း ခေါင်းဆောင် ဆိုသည်မှာ- သူရဲကောင်း ၀ါဒ ပင် ဖြစ်သည်။ ကမ္ဘာပေါ်တွင်- ၀ါဒ မျိုးစုံဖြင့်- တော်လှန်ရေး ခေါင်းဆောင်များ ပေါ်လာခဲ့ဘူးသည်။
မည်မျှသော အရေအတွက်ရှိသည့် ခေါင်းဆောင်တို့သည်- နောင် တော်လှန်ရေး တို့ ပြီးဆုံးသွားသော အခါ- ဆက်လက်၍ လူကောင်းတစ်ယောက် အနေဖြင့် ကျန်ရှိနေခဲ့ပါသနည်း။

ထိုသူ အကျင့်ပျက်သွား၍- ထိုသူ တစ်ချိန်က- စွန့်လွှတ် အနစ်နာခံခဲ့မှု၊ ခက်ခဲကြမ်းတမ်း စွာ ကြိုးပမ်းခဲ့ရမှုတို့ကို မျက်ကွယ် မပြုသင့်-
ထိုခေါင်းဆောင် အကျင့်ပျက်သွားရသည်မှာကား- ထိုအခြေအနေ သို့ မရောက်မီ အခြေအနေ ကတည်းက- အဖွဲ့အစည်း အနေဖြင့်- ညီတူမျှတူ- ဆွေးနွေးမှု၊ ညှိနှိုင်းမှု၊ စုပေါင်း ဖြေရှင်းမှု၊ စုပေါင်း လုပ်ဆောင်မှုတို့ အားနည်းပြီး- အားလုံးကို ခေါင်းဆောင် သဘောပါဟု သဘောထား ခဲ့မှုသည် အခြေခံ အကြောင်း တစ်ရပ်ဖြစ်သည်။

လက်တွေ့ မြင်တွေ့ရသည်များမှာ-
ကျောင်းသူ၊ ကျောင်းသားများ စာစုကျက်ကြသည်။ တနည်းအားဖြင့်- ကျောင်းစာကို စုပေါင်း ဆွေးနွေးကြသည် ဆိုပါတော့-
အဆင့်မြင့် ပညာကို လေ့လာ နေကြသည့် - တက္ကသိုလ် အဆင့် ကျောင်းသား၊ ကျောင်းသူ တို့၏ စာဆွေးနွေးပွဲ တို့သည်ပင်လျှင် - မိမိတို့ နားလည် သဘောပေါက်ထားသည်များကို တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ဆွေးနွေးကြရမည့် အစား၊ ပို၍ နားလည်သူ ကျောင်းသား တစ်ယောက် မှ- အားလုံးကို စာရှင်းပြရသည့် အနေအထားသို့ ရောက်သွားသည်။

ဤနေရာတွင်- ဤသို့ ဖြစ်ပေါ်ရသည့် အကြောင်းရင်းမှာ- မိမိကိုယ် မိမိနားလည်သည်ဟု သတ်မှတ် ထားသူ အများစုကလည်း- “စုပေါင်းဆွေးနွေး တာဟာ အချိန်ကုန်တာပဲ- ငါ့ဘာသာ ငါလုပ်တာက ပိုပြီး ထိရောက်တယ်” ဟူသော တစ်ကိုယ်ကောင်းစိတ်၊ Team Work ကို တန်ဘိုးရမှန်း နားလည်မှု မရှိသဖြင့် မတက်ရောက်မှု ကြောင့်လည်းကောင်း၊
"ငါမှ စာမရပဲ- သူများစာရှင်းပြတာကို သွားနားထောင်တာက ပိုကောင်းပါတယ်" ဟူသော မိမိနှင့် ဆိုင်သော တာဝန်ကို မိမိမယူပဲ- အချောင်လိုက်လိုသူတို့ကသာ- ထိုစာဆွေးနွေးပွဲ၊ (စာရှင်းပွဲ) သို့ရောက်လာကြခြင်း တို့ကြောင့် လည်းကောင်း၊ တို့ကြောင့် ဖြစ်သည်။


ထို့ကြောင့်- မိမိကိုယ်ကို မိမိ အမှန်ချစ်လျှင်- မိမိ၏ နောက်မျိုးဆက်တို့ကို အမှန်တကယ် ချစ်လျှင်၊ အမှိုက်ကစ၊ ပြဿဒ် မီးလောင် ဆိုသော- နောက်ဆက်တွဲတို့- ၏ ကောင်းကျိုး၊ ဆိုးကျိုးတို့ကို အမှန် အကန် ဖန်တီးနေသည့် သူမှာ- မိမိကိုယ်တိုင် ဖြစ်နေသည်။ မိမိကိုယ်တိုင်- မိမိဘ၀ ကို ဖန်တီးနိုင်ရေးအတွက် - အများနှင့် ဆွေးနွေးမှုတို့ တန်ဘိုးကြီးမားသည် ဆိုသည်ကို သတိချပ်သင့်လှပါသည်။